ဗဟုသုတတိုင်းတာခြင်း
ကျွန်တော်တို့ ရေးသားချက်များသည်စာဖတ်သူတို့ အတွက် အကျိုးပြုမပြုသိလိုသည့်အတွက်ဒါလေးကိုတင်လိုက်တာပါ။
မြန်မာမှုပန်ချီကားလေးတွေနဲ့ မှတ်တမ်းပုံလေးတွေ
ခံစားမိတဲ့မြန်မာမှုပန်းချီကားလေးတွေနဲ့ မှတ်တမ်းပုံလေးတွေပါ
ရုပ်သေးရုပ်နှစ်ပါးသွားကခန်း
ဇော်ကကနေသည်။
ချောင်းသာ
ရှင်ဘုရင်ထွက်တော်မူခန်း
ဒါကတော့ရှင်ဘုရင်ကမြေ၀ိုင်းသဘင်(ဇာတ်သဘင်)ကိုရှုစားခန်း
ဝိဓူရဇာတ်တော်ထဲကကြွေအံကစားခန်း
ဒါကတော့ဘီလူးနှစ်ကောင်ဟန်ပါပါ…မာန်ပါပါနဲ့ 
တိုင်းရင်းသူအမျိုးသမီးရဲ့ ဘဝ
ဒီပုံကတော့သမိုင်းထဲကပုံတစ်ပုံပါ….ဗိုလ်ချုပ်အောင်ဆန်းကစစ်ဝတ်စုံနဲ့ ပါ
ရှေးမြန်မာတို့ ရဲ့ လက်ရည်တစ်ပြင်တည်းစားကြပုံ
ကိုယ်လွှင့်ထားတဲ့ Wi-Fi ကိုခိုးသုံးမသုံးကြည့်ရအောင်…ခိုးသုံးထားရင် banned ကြမယ်လေ..
ကျွန်တော်တို့ တစ်တွေ internet ဆိုင်လုပ်တာပဲဖြစ်ဖြစ်…..ကိုယ့် Wi-fi ကိုအခြားသူတွေ
ဆီကိုလွှင့်ချင်တယ်ဆိုပါစို့ ဗျာ…ကိုယ်ယူထားတဲ့ line ကလည်းကောင်းတယ်ဆိုပါစို့ …
အခြား user တွေကိုလည်းခွဲပေးချင်တယ်…တစ်ခုကိုယ်စိုးရိမ်တာက ကိုယ့် wi-fi ကို
မဆိုင်တဲ့သူတွေခိုးသုံးကြမှာကိုပေါ့ဗျာ…
ဒီနေ့ ခေတ်နည်းပညာတွေကလည်းအံ့မခန်းတိုးတက်လိုက်တာများ…wireless security
password ကိုဖောက်တဲ့နည်းပညာတွေကော…အထောက်အကူပစ္စည်တွေကောဟာ….
online မှာတင်ပျံ့ နှံ့ နေသလို မြန်မာပြည်ကလူတွေစိတ်အ၀င်စားဆုံးဒုတိယကိစ္စတစ်ခုလည်း
ဖြစ်လာလို့ နေပါတယ်….(ပထမကတော့ gmail password ကိုဖောက်တာပေါ့ဗျာ)
နိုင်ငံခြားမှာကတော့ free wi-fi , wi-fi hotspot တွေလည်းတော်တော်များများရှိလေတော့
သူတို့ အနေနဲ့ ဒါမျိုးကိုစိတ်လည်းမ၀င်စားကြပါဖူး….သူတစ်ပါးပိုင်ဆိုင်မှုကိုဒါဟာလည်း
တစ်နည်းအားဖြင့်ချိုးဖောက်မှုတစ်ခုပေါ့လေ….(ဥပဒေကြောင်းအရပြောတာပါ)
သို့ သော်လည်းကိုယ်လွှင့်တော့မယ်ဆိုရင်အဲလိုအကြောင်းတရားတွေကိုလည်းထည့်သွင်း
စဉ်းစားထားရမယ်…ဒါမှပဲကိုယ့် wi-fi ကိုကိုယ်မသိပဲနဲ့ ကိုယ့်ခွင့်ပြုချက်မရပဲနဲ့ အသုံးပြု
နိုင်တာကိုကာကွယ်ဖို့ နည်းလမ်းတွေလည်းရှိထားသင့်တယ်လေ…..
ခုပြောမယ့်နည်းလမ်းကတော့အရမ်းအထူးအဆန်းကြီးမဟုတ်ပါဖူး…..ဒါပေမယ့်သိထားရင်
ကာကွယ်ဖို့ အကျိုးရှိမယ်ထင်လို့ ပါ….ကျွန်တော်တို့ Network မှာ Service ပေးတဲ့ devices
တိုင်းပေါ့( Router,Server, Access Point,….) စတာတွေမှာ သူတို့ ကိုလာရောက်ချိတ်ဆက်
တဲ့ devices တွေရဲ့ ကိုယ်ပိုင်နံပါတ်( MAC Address )တွေရှိတတ်ပါတယ်…..လူတစ်ဦးနဲ့ တစ်ဦး
နာမည်မတူသလိုပဲ…Network Adapters (Wire/Wireless) တွေမှာလည်းမတူညီတဲ့ မှတ်ပုံတင်
MAC Address တွေဆိုတာရှိပါတယ်…..အဲဒီ MAC တွေကိုခုနကပြောတဲ့ Service ပေးတဲ့
devices တွေက မှတ်သားထားလေ့ရှိပါတယ်…ဥပမာတစ်ခုကတော့ဗျာ…Router တစ်လုံးကို
3G-handphone တစ်လုံးနဲ့ Ipad တစ်လုံးကလာချိတ်တယ်ဆိုပါစို့ …..အဲဒီ device နှစ်ခုလုံးရဲ့
MAC တွေဟာ Router ထဲကိုရောက်သွားတယ်……ပြီးတော့ အဲဒီ devices တွေက IP ပေးပါ…
ပေးပါဆိုပြီး Router( dhcp service) ကို request လုပ်တယ်……
Router ကနေ ပြီးတော့မင်းသုံးဖို့ အတွက် IP Address ကဒီလောက်…sub-net mask ကဒီလောက်
default gateway ကဒီလောက်….Alternate DNS ကဒီနံပါတ်…..Preferred DNS ကဒါဆိုပြီး
IP assign လုပ်ပေးပါတယ်။သူ့ ကို အင်ထုပြီး IP တောင်းမှာစိုးလို့ MAC နဲ့ မှတ်ထားပြီးတော့
IP ကိုချပေးတာဖြစ်ပါတယ်………ဒါကတော့ Router ကနေပြီးတော့ စက်တွေကို IP assign
လုပ်ပေးတဲ့ DHCP ဖြစ်ပါတယ်……
အဟဲ…MAC နဲ့ ပတ်သက်လို့ စိတ်ထဲမှတ်မှတ်ရရတစ်ခုဖြစ်ဖူးတယ်ဗျ….တကယ်လည်းပညာရခဲ့တဲ့
ဟာပါ…အရင်တုန်းကကျွန်တော်က Follow Me , Ta Fa Trading Co.,Ltd မှာ service သွားလုပ်
တုန်းကပေါ့ဗျာ……လိုအပ်ချက်အရ Wireless N Router တစ်လုံးနဲ့ ထပ်ချိတ်ရတာပါ…..
MPT Adsl modem တစ်လုံးချိတ်ထားတယ်…အဲဒါကနေခွဲသုံးမှာပေါ့….Modem-to-Router
Router-to-Switches , Switches-to-Client PC ပေါ့….အဲဒီမှာ Router installed လုပ်ပြီးတော့
ှုအင်တာနက်ကမရဖူး……မဟုတ်သေးပေါ့ဗျာ……လူလည်းချွေးတွေပြန်နေပြီ..နောက်တော့မှ
မသင်္ကာလို့ MAC ကို clone လုပ်ပြီးတော့မှ Router ထဲထည့်လိုက်တော့မှအဆင်ပြေသွားတာပေါ့…
သူကသုံးမယ့် MAC ကိုပါ Assign ထပ်လုပ်ပေးရတဲ့ သဘောပေါ့…..
MAC filtering လုပ်ထားပုံ
ကဲ…ဒါဆိုရင် MAC ရဲ့ အလုပ်လုပ်ပုံကိုအကြမ်းဖျင်းတော့နားလည်လောက်ပြီထင်ပါတယ်…..ခုပြောမယ့်
နည်းစနစ်လည်းဒီ MAC နဲ့ ပဲအဓိကထားပြီးလုပ်မယ့်လုပ်ဆောင်ချက်ဖြစ်ပါတယ်….ကျွန်တော်တို့ 
Router တို့ Access Point တို့ ကိုကျွမ်းကျွမ်းကျင်ကျင်ကိုင်တတ်ရင်ပိုအဆင်ပြေတယ်…..အရင်ဆုံး
ပုံထဲကအတိုင်း MAC_Filtering ဆိုတာလေးကိုရှာတယ်…ကျွန်တော်တို့ လုပ်မှာက Wireless ဆိုတော့
Wireless Mode ထဲမှာပဲရှိပါတယ်…..Router တိုင်းမတူညီပေမဲ့ Wireless Router တိုင်းရဲ့ Wireless
Mode ထဲမှာအဲဒါလေးရှိတယ်ဗျ…ခုကျွန်တော်ပြထားတာကတော့ AZtech N Wireless Router လေးပါ…
ပါတယ်……အဲဒါကြောင့်အဲဒီ Device ကအင်တာနက်သုံးလို့ မရတော့ပါ…..အခြားသောကိုယ်တွေခွင့်
ပြုထားတဲ့စက်တွေကတော့သုံးလို့ ရတယ်…ထိခိုက်မှုမရှိပါ……..တကယ်လို့ ကိုယ့် wireless က
security နည်းနည်းအားနည်းတယ်ဆိုရင်ဒါလေးနဲ့ ဆို ကိုယ့် Wi-Fi ကိုကိုယ်မသိပဲသုံးနေတဲ့ MAC တွေ
နဲ့ IP တွေကိုသိနိုင်ပြီး MAC Filter နဲ့ ကန့် သတ်လို့ ရတယ်ဆိုတာလေးကို share ပေးလိုက်ပါတယ်..
MAC Filtering လုပ်ပုံ
အမေများနေ့ ……… (Happy Mothers’ Day)
နှစ်စဉ်ကမ္ဘာတစ်ဝှမ်းတွင်မေလဒုတိယပတ်တနင်္ဂနွေနေ့ အားအမေများနေ့ အဖြစ်ဂုဏ်ပြုသတ်မှတ်ကြသည်။အမေရိကန်ပြည်ထောင်စုတွင်စတင်ခဲ့သောထိုအမေများနေ့ သည်ခရစ်ယာန်ဘာသာဝင်များကြားတွင်ထွန်းကားခဲ့ပြီးမြန်မာပြည်တွင်ထိုနေ့ အားအမေများနေ့ အဖြစ်လက်ခံခဲ့သည်မှာ ၃ နှစ်မျှသာရှိသေးသည်။
မြန်မာ့ယဉ်ကျေးမှုအရလူကြီးသူမများအားသင်္ကြန်၊သီတင်းကျွတ်၊တန်ဆောင်မုန်းလများတွင်လူကြီးသူမများအားကန်တော့လေ့ရှိသော်လည်းထိုကဲ့သို့ နေ့ ရက်သတ်မှတ်ကာကျင်းပသည်တော့မရှိသေးပါ။ကောင်းမြတ်သောဓလေ့ထုံးတမ်းများအားမိမိတို့ ယဉ်ကျေးမှုနှင့်ကိုက်ညီအောင်ပြုပြင်ကာလက်ခံရမည်သာဖြစ်ပါသည်။
မြန်မာတို့ ထုးံတမ်းတွင်လည်းအမေသည်အန္တနောန္တငါးပါးတို့ တွင်တစ်ပါးအပါအ၀င်ဖြစ်ပြီးဘုရားနှင့်တစ်ဂိုဏ်းတည်းထားကာရိုသေကြလေ့ရှိသည်။ကိုးလလွယ်ဆယ်လဖွားမွေးကျေးဇူးအပြင်လူလားမြောက်အောင်၊လူ့ ကျင့်ဝတ်စည်းကမ်းများအားသင်ကြားပြပေးခဲ့သောလက်ဦးဆရာလည်းဖြစ်သောအမေ့ကျေးဇူးကားကြီးမားလှပေသည်။အဖေသည်သားသမီးများအတွက်နေမင်းကဲ့သို့ ဦးဆောင်အလင်းပေးသလိုအမေသည်သားသမီးများအတွက်ဥာဏ်အလင်းရောင်ပေးသောလမင်းကြီးပင်ဖြစ်သည်။အဖေ့ဆီမှသားသမီးတို့ သည်ရဲဝံ့မှန်ကန်သောဆုံးဖြတ်ချက်၊သတ္တိများကိုရရှိပြီးမိခင်ဆီမှဥာဏ်ပညာ၊စဉ်းစားဆင်ခြင်ဥာဏ်၊ကျင့်ဝတ်စည်းကမ်းလိုက်နာခြင်း၊လူမှုရေးအသိများရရှိကြခြင်းပင်ဖြစ်သည်။ထို့ ကြောင့်မိဘနှစ်ပါးသည်သားသမီးတို့ ဘ၀အတွက်မရှိမဖြစ်အရေးသူများဖြစ်သည်။ဖခင်မှာမိသားစုအတွက်စားဝတ်နေရေးအတွက်ပြင်ပတွင်ရုန်းကန်လှုပ်ရှားရချိန်များသဖြင့်မိခင်မှာသားသမီးတို့ နှင့်ထိတွေ့ ရချိန်ပိုများပါသည်။
ထို့ ပြင်သားသမီးတစ်ယောက်အမူအကျင့်စရိုက်ကိုအကဲခတ်ခြင်းအားဖြင့်ထိုသူ့ မိဘသွန်သင်မှုကိုသိနိုင်ပါသည်။“အဖယုတ်ကိုယ်ကြမ်း၊အမိယုတ်နှုတ်ကြမ်း” ဆိုသောစကားအတိုင်းပင်။ အချို့ သောသူတို့ မှာဖတဆိုးဘ၀ဖြင့်ဘ၀ကိုဖြတ်သန်းလာကြရာမိခင်မှပင်မိခင်တာဝန်ကော..ဖခင်တာဝန်ကောနှစ်မျိုးစလုံးဖြင့်သားသမီးတို့ အားလူလားမြောက်စေခဲ့သောကျေးဇူးမှာကြီးမားလှပါသည်။ပထွေးကိုအဖေမခေါ်ရန်၊မိမိသားသမီးများအားပထွေးမနှိပ်စက်ရန်ဘ၀ကိုတစ်ဦးတည်းရုန်းကန်လာခဲ့ကြသောမိခင်အမျိုးသမီးများမှာချီးကျူးထိုက်သူများဖြစ်ပေသည်။
့အပေါ်တွင်ထားရှိသောမိခင်တို့ မေတ္တာကြီးမားလှပုံကိုလူမိခင်များသာမကတိရစ္ဆာန်မိခင်များတွင်လည်းတွေ့ နိုင်ပေသည်။ခွေးပေါက်စလေးများအတွက်ကာကွယ်ပေးသောမိခင်၊ကြက်ပေါက်လေးများအတွက်ရင်အုပ်မကွာစောင့်ရှောက်ကာကွယ်ပေးသောကြက်မကြီးများမှမြင်သာသိသာသောမိခင်မေတ္တာများပင်ဖြစ်သည်။
ကျွန်တော်ငယ်စဉ်ကဦးလေးသည်မင်္ဂလာဒုံဘက်တွင်ခြံဝယ်ကာနွားမွေးပြီးနွားနို့ ရောင်းသည်။တစ်နေ့ ထိုဦးလေးက ကျွန်တော့်အားနွားကျောပေါ်တွင်တင်ကာနွားစီးခိုင်းရာလိမ့်ကျမည်စိုးကာအမေမှကျွန်တော်အားလှမ်းဆွဲထိန်းပေးရာနွားကအမေ့ခြေထောက်အားတက်နင်းမိသွားပါသည်။အမေမှာသူ့ နာကျင်မှုထက်ကျွန်တော့်အားဂရုစိုက်နေသဖြင့်အမေ့ ခြေထောက်တွင်နွားနင်းထားသဖြင့်ခြေသည်းများမှသဘာဝအတိုင်းမဟုတ်တော့ပေ။ကျွန်တော်အမေ့မေတ္တာကိုစတင်နားလည်သဘောပေါက်ချိန်မှာထိုအချိန်မှစတင်လေသည်။ထို့ ပြင်အမေသည်စာဖတ်ဝါသနာပါသူဖြစ်လေရာကျွန်တော်မှာငယ်စဉ်ကတည်းကပင်စာဖတ်ဖြစ်ပြီးစာဖတ်ဝါသနာပါသူတစ်ဦးဖြစ်လာခဲ့ပါသည်။ထို့ အတွက်ကြောင့်လည်းအမေ့ အားကျေးဇူးတင်ပါသည်။အမေ့အတွက်ကျွန်တော်တတ်နိုင်သမျှနည်းလမ်းများအားဖြင့်ကျေးဇူးဆပ်ခဲ့သည်မှယနေ့ တိုင်ပင်ဖြစ်သည်။အမေသည်ကျွန်တော်တို့ သားသမီးများအတွက် အားကိုးရာမြင့်မိုရ်တောင်ကြီးဖြစ်ပါသည်။
ယခု Post အားဖတ်ရှုနေသူသူငယ်ချင်းတို့ ဘ၀တွင်လည်းအမေမေတ္တာနှင့်ပတ်သက်ကာခံစားရသောအချိန်များရှိပါလိမ့်မည်။မိခင်သက်ရှိထင်ရှားရှိနေချိန်တွင်မိခင်အားစိတ်ချမ်းသာအောင်ထားနိုင်လျှင်လည်းကျေးဇူးဆပ်နည်းတစ်မျိုးပင်ဖြစ်သည်။မိခင်တို့ နှလုံးသားသည်ကျွန်တော်တို့ သားသမီးများအတွက်အမြဲအသင့်ရှိနေသည်ဆိုသည်မှာယုံမှားဖွယ်မရှိပေ။မိခင်တို့ သည်လူ့ ဓလေ့စရိုက်အရသာတစ်ဦးနှင့်တစ်ဦးကွာခြားမည်ဖြစ်သော်လည်းသားသမီးများအပေါ်တွင်ထားသောမေတ္တာတို့ မှာအတူတူပင်ဖြစ်သည်။မြတ်စွာဘုရားသော်မှမွေးကျေးဇူးကို နို့ တစ်လုံးမျှသာကျေအောင်ကျေးဇူးဆပ်နိုင်ခဲ့ပါသည်။ကျွန်တော်တို့ မှာမြတ်စွာဘုရားလောက်ကျေးဇူးဆပ်နိုင်မည်မဟုတ်သော်လည်းမိခင်ကျေးဇူးအားတတ်စွမ်းသလောက်ဆပ်ကြရပေမည်။လောကတွင်အစားထိုးမရသည်မှာမိ(အမေ) နှင့် ဘ(အဖေ) ပင်ဖြစ်လေရာ…နောင်တရစရာမရှိရလေအောင်မိမိတို့ သည်မိခင်များနေ့ (Mothers’ Day) မှစတင်ကာမိမိတို့ စွမ်းနိုင်သလောက်ကျေးဇူးဆပ်ကြပါစို့ ……..အဆိုတော်ထူးအိမ်သင်နာမည်ကြီးအမေ့အိမ်သီချင်းမှာခံစားချက်အပြည့်ဖြင့်မိခင်အကြောင်းကိုဖော်ကျူးထားသလို အို…မေမေ…သီချင်းမှာလည်းမိခင်စိတ်ကိုတစ်စေ့ တစ်စောင်းဖော်ပြထားပါသည်။
ယခု Mothers’ Day သည်မိခင်များအားဂုဏ်ပြုရမည့်နေဖြစ်သလိုယခုအချိန်အခါသမယသည်ကျွန်ုပ်တို့ ကြောင့်ပင်ပန်းခဲ့ရသော၊ခက်ခဲခဲ့ရသော၊ကြမ်းတမ်းခဲ့ရသော…အမေ့လက်များ၊အရွယ်အိုမင်းသွားသော်လည်းကျွန်ုပ်တို့ အတွက်ပီတိပြုံးတို့ ဖြင့်ဝေနေသောမိခင်နှင့်အတူမိခင်ကျေးဇူးကိုသိနားလည်စွာဖြင့်မိခင်နှင့်အတူ မိခင်များနေ့ Mothers’ Day ကိုအကောင်းဆုံးဖြတ်သန်းကြပါစို့ ……သူငယ်ချင်းတို့ ရေ
တို့ တတွေအတွက်အမေ့ လက်တွေကြမ်းခဲ့ရသလို…တို့ တွေအတွက်လည်းအမေ့စိတ်တွေပင်ပန်းခဲ့ရလေပြီ…..တို့ အမေအတွက်ပျော်စရာအချိန်လေးတစ်ချိန်ဖြစ်အောင်တို့ တွေဖန်တီးကြရအောင်……
ပုံပြင်လေးတစ်ပုဒ်မှာအမေ့နှလုံးကိုလိုချင်တဲ့မိန်းမအတွက်အမေ ကနှလုံးသားကိုထုတ်ပေးခဲ့တယ်..အဲဒီသားမိုက်က၀မ်းသာအား၇နဲ့  အမေ့နှလုံးသားကိုယူပြီးမိန်းမဆီပြန်အလာလမ်းမှာခလုတ်တိုက်တော့ အမေ့ နှလုံးသားက စကားတစ်ခွန်းပြောတယ်….
အဲဒါက
သား..လူလေး..ဘယ်နားနာသွားသေးလဲတဲ့
သားတွေမွေးထားတဲ့အမေ့မှာမျှော်လင့်ချက်တွေရှိတယ်…ငါ့သားဟာငါ့အတွက်အားတဲ့( ကျားတော့မဖြစ်သင့်ဖူးနော်…)
အဲလိုပဲ..သမီးမွေးထားတဲ့အမေ့ရဲ့ မျှော်လင့်ချက်ကလည်း…ငါ့သမီးဟာငါ့အတွက်ထီးတဲ့( မီးတော့မဖြစ်ကြပါနဲ့ ) အမေ့မျှော်လင့်ချက်တွေမပျက်ဖို့ တို့ တတွေမှာတာဝန်ရှိတယ်နော်…..
အမေ့လက်တွေကကြမ်းတမ်းနေပေမယ့်တို့ တစ်တွေအတွက်အရမ်းလှပါတယ်….တို့ တစ်တွေဒီလိုဖြစ်လာဖို့ အတွက်အမေလုပ်ခဲ့ရတာတွေကလည်းနည်းမှမနည်းပဲကိုး……
ခုအမေကစကားတွေအများကြီးပြောနေပြီ…စိတ်မရှည်သလိုမလုပ်ပါနဲ့ ..တို့ တွေစကားတတ်ခါစကမြင်သမျှသိချင်တာတွေကိုအမေကစိတ်ရှည်ရှည်နဲ့ ဖြေပေးခဲ့တယ်နော်…..
အမေကစားစေချင်လို့ ချက်ထားရင်ဆာဆာမဆာဆာနည်းနည်းဖြစ်ဖြစ်တော့စားလိုက်ပါ…ဘာလို့ လဲဆိုရင်အဲဒီအစားအစာထဲမှာအမေ့စေတနာ၊အမေ့မေတ္တာတွေအများကြီးပါဝင်နေလို့ လေ……
ဘာပဲဖြစ်ဖြစ်အမေ့ရင်ခွင်ဟာကိုယ်တတွေအတွက်အမြဲဖွင့်ထားပြီးသားပါ…တံခါးမရှိဓားမရှိဝင်ထွက်ခွင့်ရတဲ့နေရာဟာအမေ့ရင်ခွင်တစ်ခုတည်းပဲရှိတယ်နော်……
ကျေးဇူးတရား
ဟိုး..လွန်ခဲ့တဲ့ ၂၀၀၅ -၂၀၀၆ တုန်းကကျွန်တော်က ကွန်ပျူတာကိုသာမန်အဆင့်တောင်
မသုံးတတ်သေးတဲ့အစိမ်းသက်သက်ပါ…ကျွန်တော်ကိုယ်တိုင်လည်းခုလို ကွန်ပျူတာ
ပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုရမယ်လို့ လည်းမတွေးမိပါဖူး…ကျွန်တော်ပထမဆုံး
အလုပ်လုပ်ဖူးတဲ့ပုလဲကွန်ဒို၊ဗဟန်းက Zora Internet Cafe  ဆိုတာကတော့ကျွန်တော့်ကို
ဒီနေ့ ဒီလိုအခြေအနေတွေဖြစ်လာအောင်သင်ကြားပေးခဲ့တဲ့နေရာကြီးဖြစ်သလိုအဲဒီတုန်းက
Zora ရဲ့ Network Administrator တွေဖြစ်ကြတဲ့ ကိုနိုင်(MCSE) နဲ့ ကိုခိုင်ဇော်ဦး
(MCP,MCSA) တို့ သင်ကြားပေးမှုတွေကြောင့် Computer Networking ရဲ့ အခြေ
ခံသော့ချက်တော်တော်များများကိုသိခွင့်ရခဲ့ပါတယ်…အဲဒီအတွက်ကိုနိုင်နဲ့ ကိုခိုင်ဇော်ဦး
တို့ ကိုကျေးဇူးတင်ပါတယ်ဆိုတာပြောချင်ပါတယ်..နောက်တော့ဘ၀တိုးတက်မှုရဖို့ 
အတွက် Gemini Internet & Computer Service ကိုရောက်တော့ ကိုသက်ထွဋ်ဦး
Network Assistant Technician ဖြစ်လာခဲ့ရပါတယ်….ကိုသက်ထွဋ်ဦးကိုလည်း
ကျေးဇူးတင်ပါတယ်….နောက်တော့ Lucky Bird Computer Co.,Ltd ရောက်တော့
ကိုငြိမ်းချမ်းမိုးတို့ ကိုရန်လင်းအောင်တို့ …ကိုနေသူရ..ကိုဖြိုးဝေ…ကျော်အောင်ထွန်း
တို့ ….အတူလက်တွဲလုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ အောင်မြင့်သူ…ကျော်ကျော်…
အေရာ…….သူတို့ တွေနဲ့ တွေ့ ဆုံပြီးပညာဖလှယ်လုပ်ကိုင်ရင်းနဲ့ Lucky Bird
Service Technician ဖြစ်လာခဲ့ပြီး junior ၃ ယောက်နဲ့ အတူ ….၂၀၀၈-၂၀၁၀
အထိတာဝန်ထမ်းဆောင်ခဲ့ပါတယ်……
နောက် IGE Co.,Ltd ရောက်တော့ကိုမျိုးနိုင်ထူး၊ကိုဝင်းအောင်၊ကိုတင်မြင့်ထွန်း၊
ကိုကျော်ထွဋ်၊ကိုသော်ဇင်၊ကျော်သီဟ၊ကိုထူးမြတ်သူ နဲ့ နောက်ညီလေးကိုဖြိုး…
နောက်တော့ကိုနိုင်ကိုကိုတို့ ကိုအောင်ပိုင်တို့ လို လုပ်ဖော်ကိုင်ဖက်တွေလည်းဖြစ်
သလိုကျွန်တော့်လိုအပ်ချက်တွေကိုဖြည့်စွက်သင်ပေးခဲ့တဲ့အတွက်လည်းကျေးဇူး
တင်ပါတယ်ဗျာ…
 ဒီအထိကတော့ကျွန်တော်ရုန်းကန်လှုပ်ရှားခဲ့ရတဲ့ ကာလတွေဖြစ်ပြီးတော့ပညာရပ်
ပိုင်းဆိုင်ရာနဲ့ ငြင်းကြခုန်ကြ….စိတ်ညစ်စရာတွေပျော်စရာတွေနဲ့ ……ဒီလူတွေရဲ့ 
ကျေးဇူးတွေကြောင့်ဒီနေ့ မှာကျွန်တော်ဟာ IT အဖြစ်နဲ့ ကွန်ပျူတာနဲ့ အသက်အမေွး
ဝမ်းကြောင်းပြုနိုင်အောင်သင်ပေးခဲ့တဲ့အတွက်သူတို့ ကျေးဇူးတွေ..နောက်သင်ဆရာ
မြင်ဆရာတွေ(ကိုညီနေမင်း၊ကိုသံလုံငယ်၊မြန်မာနည်းပညာရပ်ဝန်း….)စတာတွေကို
လည်းကျေးဇူးတင်ပါတယ်….
စိတ်ထဲမှာဒီနေ့ သူတို့ ရဲ့ တန်ရာတန်ကြေးတွေကျွန်တော့်အပေါ်မှာစူးနေလို့ ကျေးဇူး
တရားနဲ့ ပတ်သက်ပြီးစိတ်ထဲမှာခံစားရတာလေးကိုတင်လိုက်တာပါ…
ကျွန်တော့်ရင်ထဲမှာသူတို့ အားလုံးရဲ့ ကျေးဇူးတရားတွေရှိသလိုဒီနေ့ ဒီလိုဖြစ်ခွင့်ရတဲ့
အတွက်သူတို့ အားလုံးကိုကျွန်တော်ကျေးဇူးတင်နေပါတယ်ဆိုတာ..ပြောချင်ပါတယ်ဗျာ….